CSR Activity Image

UMG Group of Companies ၏ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာမြိုနယ်၊ သီရိမင်္ဂလာကံလှကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


UMG Group of Companies ၏ ဥက္ကဌဒေါက်တာမာလာဝင်းအား အမှူးထားပြီး UMG မိသားစုဝန်ထမ်းများမှ စုပေါင်းမဟာဘုံကထိန်အလှူတော်အဖြစ် သီရိမင်္ဂလာကံလှကျောင်းတိုက်ရှိ  ဆရာတော်သံဃာတော်များကို ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတိုကို ပဒေသာပင်များသီး၍ သဒ္ဓါတရားထက်သန်စွာဖြင့် သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် (BU, BR, DIV) အသီးသီးရှိ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ခဲ့ကြပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာမှရရှိသော ကုသိုလ်အစုစုကိုလည်း (၃၁) ဘုံသားများအားလုံးထပ်တူထပ်မျှ ရရှိနိုင်စေရန် ကုသိုလ်အမျှ ပေးဝေပါကြောင်းနှင့်  ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေရန် စုပေါင်းမဟာဘုံကထိန်ပွဲမှ ပုံရိပ်များကို ဝေမျှပေးလိုက်ရပါသည်။


#UMG_Group_of_Companies