UMG Group of Companies ၏ ရုံးချုပ်နှင့် မြန်မာနိုင်ငံတ၀ှမ်လုံးးရှိ UMG ရုံးခွဲများအားလုံးတွင် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်ကာ နှစ်သစ်ဦး တရားတော် နာယူခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ခြင်းတို့ကို ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ထို့နောက် နှစ်သစ်ကူးပရိတ် တရားတော်များ ဟောကြားခြင်း၊ အန္တရာယ်ကင်းပရိတ်ရေစင် များပက်ဖြန်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ဆရာတော်များအား နေ့ဆွမ်းနှင့်တကွ လှူဖွယ်ပစ္စည်း အစုစုတို့ကို ဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ လှူဒါန်းမှု အစုစုတို့အားလည်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် ရေစက်သွန်းချ အမျှ ပေးဝေပါသည်။