UMG Group of Companies ၏ (၄၄ ခုမြောက်) ရုံးခွဲသစ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ၂၀၁၉ ခုနှစ် မေလ(၉)ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မနက်ပိုင်းတွင် ဘုရားအမှုးရှိသော ဆရာတော် သံဃာတော်များအား ပင့်ဖိတ်ပြီး ဗုဒ္ဓဆင်းတု တော်မြတ်အား ဘုရားအနေကဇာတင်ပူဇော်ခြင်း၊ သံဃာတော်မြတ်များထံ တရားတော်များ နာယူခြင်း၊ သင်္ကန်း၊ ဆွမ်းဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ပြီးနောက် အစိုးရ တာဝန်ရှိလူကြီးမင်းများ၊ Customer ကြီးများ နှင့် ရပ်မိရပ်ဖများအား နေ့လည်စာဖြင့် တည့်ခင်ဧည့်ခံခဲ့ပါသည်။ အဆိုပါ ရွှေဘိုရုံးခွဲ ဖွင့်ပွဲသို့ UMG Group of Companies ၏ ဥက္ကဌ ဒေါ်မာလာဝင်းနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရုံးသစ်ဖွင့်ပွဲ ရုံးခွဲသစ်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များမှာ ရွှေဘိုမြို့၏ လယ်ယာ စိုက်ပျိုးရေးအတွက် လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်နှင့်အတူ မြေတူးစက်၊ မြေထိုးစက်၊ ကျောက်ခွဲစက်၊ မြေသယ်ယာဉ်၊ မီးစက်၊ ၀န်မစက်၊ သန့်ရှင်းရေးစက်နှင့် ကွန်ကရစ်ဖျော်စက်ကို UMG Group of Companies မှ တိုက်ရိုက်တင်သွင်း ဖြန့်ဖြူးရောင်းချ ၀န်ဆောင်မှုပေးရန် ဖြစ်ပါသည်။
Your email address will not be published. Required fields are marked *