UMG Group of Companies သည် SEDP Programs ၏ batch 4, 5, 6 & 7 ၏ သင်တန်းဆင်းပွဲ Graduation ကို (၅.၄.၂၀၁၉) နေ့တွင်ကျင်းပခဲ့ကာ Sale Executive သင်တန်းသား (၁၅) ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ SEDP program သည် အရောင်း ပိုင်းဆိုင်ရာစိတ်ဝင်စားသော လူငယ်များကို မွေးထုတ်ပေးနေသော (၃) နှစ်တာ သင်ရိုး တစ်ခုဖြစ်ကာ စာတွေ့နှင့် လုပ်ငန်းခွင် လက်တွေ့များကို အတွေ့အကြုံရင့် ဆရာဆရာမများမှ သင်ကြားပို့ချသောသင်တန်းဖြစ်ပြီး သင်တန်းပြီးဆုံးသောအခါ Sale Executive ကောင်း တစ်ယောက်အဖြစ်ရပ်တည်နိုင်ရုံသာမက Management Level အထိ အရောင်းပိုင်းဆိုင်ရာများကို လေ့လာနေသောလူငယ်များ အများဆုံး လျှောက်ထား လျက်ရှိကာ ယခုအခါ Batch-11 အထိ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ ကျင်းပပြုလုပ်သော SEDP Graduation သို့ သင်တန်းသူ သင်တန်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် UMG Management တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
Your email address will not be published. Required fields are marked *